ကြိုးတန်ပေါ် ခြေချနင်းရသလို
ဘ၀ရဲ့ အခင်းအကျင်းက
စင်းစင်းပြန့်ပြန့် မရှိဘူး ….။
နေပူစပ်ခါးကြီးထဲ
တက်သုတ်ရိုက်ပြင်းပြင်း နှင်နေရတဲ့ခရီးမှာ
ဘယ်သူက ဘယ်သူ့ကို လက်ခုပ်လက်ဝါးတီး
အားပေးမလဲ
သူလိုကိုယ်လို ခရီးသွားတွေချည်း မဟုတ်လား ….။
ဒီကြားထဲ ကံကြမ္မာက
အသံမပါဘဲ အဖေါ်အသင်းဖွဲ့ ၀င်လာတတ်တယ် ..
ကျွန်တော်တို့ တစ်စုံတရာ, ရာ တစ်ခုခုနောက်
တကောက်ကောက် အသည်းအသန်လိုက်ရင်း
နေပူစပ်ခါးကြီးထဲမှာ …
ဒီလိုနဲ့ မိုးလင်းပြီး ….
ဒီလိုနဲ့ မိုးချုပ်သွားကြ
ဒီလိုနဲ့ ……။
မောင်ကိုမောင်(ကလေး)
၂၀၁၀ခုနှစ်၊မတ်လထုတ် ရံနံ့သစ် မဂ္ဂဇင်းမှ ကူးယူဖေါ်ပြသည်။
Welcome
Download Apk File
ကလေးမြို့ရဲ့ သတင်းတွေကို Android ဖုန်းထဲကနေ ကြည့်လို့ရတဲ့ Apk file လေးပါ ..။အောက်က လင့်လေးမှာ Down လို့ရပါတယ် ...။ အခုထိတော့ Link မသေသေးပါဘူး ...။
http://www.sendspace.com/file/yud6dl
http://www.sendspace.com/file/yud6dl
Saturday, March 13, 2010
နေပူစပ်ခါးကြီးထဲ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
ကျေးဇူးတင်ပါတယ်။